နောက်ပိုင်း နည်းပညာခေတ်မှာ ခေတ်စားလာတဲ့ Digital Nomad လူနေမှုပုံစံ

အနောက်တိုင်းသားတွေရဲ့ နောက်ပိုင်းလူနေမှုပုံစံတွေထဲမှာ Digital Nomad ဆိုတဲ့ Lifestyle တစ်မျိုးလည်းပါဝင်လာပါတယ်။ အဲ့ဒီ့ လူနေမှုပုံစံကတော့ သမရိုးကျ ဖြတ်သန်းနေတဲ့ လူနေမှုဘဝပုံစံတွေကနေ ခွဲထွက်ပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကြား မတူညီတဲ့ရှု့ထောင့်ကနေ ပေါင်းစပ်ဖွဲ့စည်းလိုက်ခြင်းကနေ ဖြစ်လာတယ်လို့ ပြောရမှာပါ။ ဆိုလိုတာက နေ့စဉ်အလုပ်သွားရုံးတက်၊ ရုံးဆင်း အိမ်ပြန်ဆိုတဲ့ စနစ်ကနေ အခုလို ဒီဂျစ်တယ် နည်းပညာခေတ်မှာ Laptop တစ်လုံးနဲ့ internet ကောင်းကောင်းရှိရင် ဘယ်လိုနေရာမှာပဲ ရောက်ရောက်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အလုပ်ရဲ့ပြီးမြောက်မှုကိုသာ အာရုံစိုက်ပြီး ပေါ့ပေါ့ပါးပါး နေထိုင် လုပ်ကိုင်ရတာကို ပြောတာပါ။ ဥပမာ- ကိုယ့်က နောက်တပတ် စနေနေ့ရဲ့ ည ၇နာရီမှာ လုပ်ရမယ့် ပရောဂျက်တွေကို ပြီးရမယ့် Deadline ရှိနေမယ်ဆိုရင် ခရီးထွက်နေလို့ပဲဖြစ်ဖြစ် နေ့ခင်းဘက် လျှောက်လည်ထားလို့ ညဉ့်နက်မှ အလုပ်လုပ်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ အဓိကက Deadline မှီဖို့တော့ လိုတာပေါ့။
အဲ့ဒီ့ Lifestyle ဟာ ပုံမှန်လုပ်နေကျ ပျင်းစရာကောင်းတဲ့ အလုပ်လုပ်ပုံစနစ်ကနေ ခွဲထွက်ပြီး လွန်ခဲ့တဲ့ Covid 19 period တုန်းက work from home ပုံစံနဲ့အဆင်တူပါတယ်။ နောက်ပိုင်း လုပ်ငန်းခွင်တွေမှာရှိတဲ့ သမရိုးကျအလုပ်လုပ်တဲ့စနစ်တွေဟာ ကိုယ့်ရဲ့အချိန်တွေကို ကိုယ်တိုင်စီမံခန့်ခွဲလို့ မရပဲ အလုပ်ရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ အလုပ်လုပ်ရတာပါ။ တချို့သောဝန်ထမ်းတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ အကျင့်အတိုင်း ရုံးကိုလာတယ်၊ လုပ်စရာရှိရှိမရှိရှိ အလုပ်ပြီးမြောက်မှုကို အာရုံမစိုက်ပဲ ရုံးဆင်းမယ့်အချိန်ကိုသာ အာရုံစိုက်ကြပါတယ်။ အဲ့ဒီ့လိုနဲ့ အသက်တွေ တရက်၊တရက်ကြီးသွားလိုက်ရင်း သူတို့လိုချင်တဲ့ အပန်းဖြေအိမ်မက်တွေက ဖြည်းဖြည်းပိုပိုဝေးသွားပါတော့တယ်။ 


 ဒါကြောင့် အခုလိုခေတ်မှာ နည်းပညာတွေရဲ့ အကူအညီတွေကြောင့် လူချင်းတိုက်ရိုက်ထိတွေ့စရာ မလိုတော့ပဲ အလုပ်ရဲ့ ပြီးမြောက်မှုကိုသာ အာရုံစိုက်ကြတဲ့အတွက် အချိန်ကုန်သက်သာစေနိုင်တဲ့အပြင် ခေတ်နဲ့အမှီ လိုက်နိုင်တဲ့အတွက် ပိုပြီး work smart လည်း ဖြစ်စေပါတယ်။ meeting တွေလုပ်ကြမယ်ဆို Zoom Apps တို့ Google meet တို့နဲ့ လုပ်လို့ရတယ်။ ရုံး အလုပ်ကိစ္စနဲ့ ပတ်သတ်တဲ့ Document တွေ file တွေကို Google Drive ကနေ Share လို့ရသလို Project တွေအလိုက် လုပ်ရမယ့် SOP တွေ KPI တွေ assign လုပ်ထားတဲ့ကိစ္စတွေကို Trello လိုမျိုး Project Management software တွေသုံးပြီး Team အနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချလို့ရပါတယ်။ Commercial Design တခုလိုချင်နေတဲ့ ဘန်ကောက်က CEO ကနေ ရန်ကုန်မှာ ရှိတဲ့ မန်နေဂျာကို လုပ်ရမယ့် တာဝန်တွေကို Mail ပို့လိုက်တယ်ဆိုပါစို့၊ အဲ့ဒီ့ မန်နေဂျာကနေတဆင့် မန္တလေးရောက်နေတဲ့ Team leader ကို ပြောပြီး Designer အတွက် လိုအပ်တဲ့ briefing တွေကို To do list တွေထဲမှာ ထည့်ပေးလိုက်ပါတယ်။ အဲ့ဒီကနေတဆင့် Briefing တွေကို ကြည့်ပြီး ချောင်းသာရောက်နေတဲ့ Designer က ဘောင်းတိုနဲ့ အုန်းရည်သောက်ရင်း ဒီဇိုင်း ထိုင်ဆွဲနေလို့ရပါတယ်။


 ဒါကြောင့် Digital nomad ဆိုတဲ့ အတိုင်း လွယ်အိတ်ထဲလိုအပ်တဲ့ Laptop တွေ gadget တွေထည့်ပြီးတော့ အလုပ်နဲ့အတူ ခရီးထွက်လို့ရနိုင်ပါတယ်။ ဒါပေမယ့် Digital နဲ့ ပတ်သက်တဲ့ Creative နဲ့ Productivity အလုပ်တွေမှာပဲ လုပ်လို့ရပြီးတော့ ပုံမှန်အလုပ်တွေမှာ လုပ်ဖို့တော့ မလွယ်ပါဘူး။ ခုနက ပြောသလို ဒီဇိုင်းအတွက် Designer က ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ Deadline အမှီဆွဲလို့ရတယ်ဆိုပေမယ့် စားသောက်ဆိုင်အတွက် စာဖိုမှူးကတော့ အွန်လိုင်းကနေ ချက်ပြုတ်ပေးလို့ မရပါဘူး။

Comments