Chiko&Roko ဆိုတာ အွန်လိုင်းပေါ်ကနေ NFT အဖြစ် အခမဲ့ရရှိတဲ့ ဒီဂျစ်တယ်လက်ဆောင်အရုပ်ကလေးတွေပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ဒီဇိုင်နာတွေက ဖန်တီးရေးဆွဲထားတဲ့ 3D အရုပ်လေးတွေကို NFT အဖြစ် ပြောင်းလဲပြုလုပ်ထားတာပါ။ Chiko&Roko အရုပ်လေးတွေမှာ Artificial Reality နည်းပညာပါဝင်ပြီး 3D အဖြစ် အသုံးပြုထားတဲ့အတွက် အဲ့ဒီ့အရုပ်လေးတွေကို ကြိုက်နှစ်သက်ရာရှု့ထောင့်ကနေ ကြည့်လို့ရပါတယ်။ အဲ့ဒီ့အတွက်ကြောင့် Chiko&Roko အရုပ်လေးတွေနဲ့အတူ Social Media ပေါ်မှာ ပုံတွေ ဗီဒီယိုတွေကို ဖန်တီးလို့ရပါတယ်။
Chiko ဆိုတာ အလုံးပုံစံရှိပြီး အနောက်မှာ အချွန်တွေပါတဲ့ အကောင်လေးဖြစ်ပြီး Riko ကျတော့ နားရွက်လိုမျိုး ခေါင်းပေါ်မှာ ရှည်ရှည်မျှောမျှောအရာ နှစ်ခုပါတဲ့အကောင်လေးဖြစ်ပါတယ်။ ရှေးတုန်းအခါက တိရိစ္ဆာန်တွေဟာ လူသားတွေအတွက် တခြားမမြင်နိုင်တဲ့ကမ္ဘာတခြမ်းဆီကို လမ်းပြပေးတယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဇာတ်လမ်းတွေရှိခဲ့ပါတယ်။ အဲ့ဒီ့အထဲမှာ Hare ဆိုတဲ့ တောယုန်ကြီးမျိုးနဲ့ Hedgehog ဆိုတဲ့ ဖြူအကောင်လည်းပါဝင်ပါတယ်။ Hare ဆိုတာ ကောင်းကင်ပေါ်က လနဲ့ဆက်စပ်နေပြီး မျိုးပွါးခြင်းနဲ့ အသစ်ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုပါတယ်။ Hedgehog ကတော့ စူးစမ်းလိုစိတ်၊ စိတ်အားထက်သန်မှုနဲ့ ရင်းနှီးဖော်ရွေမှုတို့ကို ကိုယ်စားပြုပါတယ်။ Chiko နဲ့ Roko ဆိုတာ Hare နဲ့ Hedgehog ကို နာမည်ပေးပြီး ကိုယ်စားပြုထားတာပါ။
Chiko&Roko ဆိုတဲ့ ဒီဂျစ်တယ်လက်ဆောင်အရုပ်လေးတွေဟာ အွန်လိုင်းပေါ်က အမှတ်တရပစ္စည်းလေးတွေပါပဲ။ NFT အဖြစ်ပြုလုပ်ဖန်တီးထားတဲ့ အဲ့ဒီ့အရုပ်လေးတွေဟာ ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ခုနှစ် အိုလံပစ်အမှတ်တရအနေနဲ့ကမ္ဘာ့နိုင်ငံတွေကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်အရုပ်တွေအပြင် တခြားသော အနုပညာရှင်တွေနဲ့ ဒီဇိုင်းလက်ရာတွေကို ပုံဖော်ထားတဲ့ အရုပ်လေးတွေအဖြစ် လူကြိုက်များပါတယ်။ ဒါ့အပြင် Chiko&Roko ဆိုတဲ့အရုပ်တွေကိုလည်း Common၊ Rare၊ Super Rare ၊ Epic နဲ့ Legendary ဆိုပြီးအမျိုးအစားတွေခွဲခြားထားပါသေးတယ်။ ဥပမာ- BaBin ဆိုတဲ့ ဒီဂျစ်တယ် အနုပညာရှင်တစ်ယောက်က ဖန်တီးထားတဲ့ GAZE Roko NFT အရုပ်လေးအတွက် Common အနေနဲ့ အရေအတွက်ကို သောင်းဂဏန်းအထိ ထုတ်ထားပါတယ်။ ဒါပေမယ့် Rare ကနေစလို့ Legendary အမျိုးအစားအထိ တဖြည်းဖြည်း toy အရေအတွက် နည်းသွားပြီး ဦး၊သူ၊ရစနစ်နဲ့သွားတာဖြစ်လို့ Common နဲ့စာရင် ရှားပါးပြီး ပိုပြီးအဖိုးတန်သွားပါလိမ့်မယ်။
Chiko&Roko ဆိုတဲ့ NFT လက်ဆောင်အရုပ်ကလေးတွေကို ရယူနိုင်ဖို့အတွက် အရင်ဆုံး https://expo.chikoroko.art/referral/ln6fdshh8t ကနေတဆင့် ကိုယ့်ရဲ့ Google အကောင့် ဒါမှမဟုတ် Apple ID နဲ့ ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ့်ရဲ့ Ethereum wallet address ကိုထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် “ Collect your gift” ဆိုတာကို နှိပ်ပြီး အဲ့ဒီ့ အရုပ်လေးတွေကို နေ့တိုင်းအခမဲ့ ရယူနိုင်မှာပါ။ များသောအားဖြင့် တရက်ကို တစ်ကြိမ် ဒါမှမဟုတ် ၂ကြိမ်၊၃ကြိမ် အထိ ပေးတတ်ပါတယ်။ ပေးတဲ့အချိန်တွေတော့ မတူကြပါဘူး။ ကိုယ် နေ့စဉ်ရယူထားတဲ့ အဲ့ဒီ့ NFT အရုပ်လေးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့အပြင် တခြားသူတစ်ယောက်ကိုလည်း လက်ဆောင်ပေးလို့ရနိုင်ပါတယ်။ Developer တွေရဲ့ ပြောကြားချက်အရ အနာဂတ်မှာတော့ OpenSea လို့ခေါ်တဲ့ NFT တွေကို အရောင်းအဝယ်လုပ်လို့ရတဲ့ Platform တွေမှာ စျေးကွက်တင်ပြီး အရောင်းအဝယ်လုပ်လို့ရအောင် ကြိုးစားမယ်လို့လည်းပြောထားပါတယ်။
Comments
Post a Comment